ရာသီတုပ်ကွေးကာကွယ်ရန် အကြံပြုချက်များ
- Dr. Mon Mon
- Jun 18, 2019
- 1 min read
Updated: Jun 21, 2019
- နှာချေ၊ ချောင်းဆိုးလျှင် မိမိနှာခေါင်းနှင့် ပါးစပ်ကို မိမိ၏တံတောင်ဆစ် (သို့) လက်မောင်းနှင့်ပိတ်၍ ဆိုးပါ။ သို့မဟုတ် တစ်ရှူးစက္ကူဖြင့် မိမိနှာခေါင်းနှင့် ပါးစပ်တို့ကို လုံအောင်ပိတ်၍ဆိုးပါ။ ထို့နောက် အသုံးပြုပြီးသား တစ်ရှူးစက္ကူကို သေချာစွာ စွန့်ပစ်၍ မိမိလက်ကို ဆပ်ပြာ၊ ရေတို့ဖြင့် သေချာစွာ ဆေးကြောပါ။
- အဟာရရှိသော အစားအစာများကို စားသုံးပါ။ ရေများများသောက်ပါ။
- မိမိလက်ကို ဆပ်ပြာ၊ ရေတို့ဖြင့် မကြာခဏ သေချာစွာ ဆေးကြောပါ။
- ကောင်းစွာ အနားယူပါ။ မပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုကိုပြုလုပ်ပါ။
- မိမိတွင် အထက်ပါ ရာသီတုပ်ကွေးရောဂါလက္ခဏာများ ခံစားနေရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဝန်ထမ်းများထံတွင် အကြံဉာဏ်တောင်းယူ၍ စောင့်ရှောက်မှုခံယူပါ။

Comments