ထမင်းရည်နှင့်ကလေးကျန်းမာရေး
- Dr. Mon Mon
- Feb 10, 2019
- 1 min read

ထမင်းရည်နှင့်ကလေးကျန်းမာရေး
ထမင်းရည်ဆိုတာကတော မြန်မာလူမျိုးတွေအတွက်ပြောစရာမလိုလောက်အောင် ရင်းနှီးနေကြမှာဖြစ်ပါတယ်။ ထမင်းချက်ရင်းနဲ့သုံးမရတော့လို့သွန်ပစ်နေတဲ့ထမင်းရည်မှာ ကျလးတို့အတွက်ကောင်းမွန်စေတဲ့အကျိုးတွေရှိနေပါတယ်။ အထွေအထူးဆေးသောက်ဆေးထိုးနေစရာမလိုပဲ လိုအပ်တဲ့ဓာတ်အချို့ကို ထမင်းရည်ကနေရရှိနိုင်ပါတယ်။
ထမင်းရည်ကို မွေးကင်းစကလေးတွေအစာစကျွေးတော့မယ့်ဆိုရင် ဖြည့်စွက်စာအနေနဲ့သုံးနိုင်ပါတယ်။ မွေးစကနေ 6လအထိမိခင်နို့တစ်မျိုးပဲတိုက်ခဲ့ရတဲ့ကလေးကို အစာစကျွေးတော့မယ်ဆိုရင် ထမင်းရည်နဲ့အစပြုပြီးကျွေးကြည့်လို့ရပါတယ်။ ထမင်း ရည်မှာထမင်းကထွက်တဲ့ကစီဓာတ်တွေ၊ vitamin တွေပါဝင်ပါတယ်။ အဆိုပါဓာတ်တွေက ကလေးအတွက်အာဟာရဖြစ်စေနိုင်တာမို့ သင့်တော်တဲ့စားစရာတစ်မျိုးဖြစ်ပါတယ်။ သို့သော် တစ်ခြားဖြည့်စွက်စာတွေကျွေးစရာမလိုတော့အောင်၊ နို့တိုက်ဖို့မလိုလောက်တော့အောင်တော့ ထမင်းရည်ကမစွမ်းဆောင်ပေးနိုင်တဲ့အတွက် ထမင်းရည်ကို ဖြည့်စွက်စာတစ်မျိုးအနေနဲ့သုံးနိုင်ပါတယ်။
နောက်ထပ်အကျိုးတစ်ခုကတော့ ဝမ်းလျှေတာသက်သာစေပါတယ်။ ဝမ်းရပ်သွားစေတာမဟုတ်ပဲ ဝမ်းလျှေရင်ခံစားရတဲ့ဝေဒနာတွေကို သက်သာစေနိုင်ပါတယ်။ ဝမ်းလျှေရင်ဓာတ်ဆားသောက်သင့်တယ်ဆိုပေမယ့် ဓာတိဆားမရှိတဲ့အချိန်ကျရင် ထမင်းရည်ကိုသောက်သုံးနိုင်ပါတယ်။ ထမင်းရည်က အူလှုပ်ရှားမှုကိုလျှော့ချပေးပြီး အူကမေရေစုပ်ယူဖို့အချိန်ပိုရစေပါတယ်။ ဝမ်းထဲမှာရေပါဝင်မှုနည်းသွားပြီး ဝမ်းကအရေတွေချည်ယပဲသွားနေခြင်းကို သက်သာစေပါတယ်။ သို့သော်သောက်သုံးမယ့် ထမင်းရည်ကသန့်ရှင်းမှုရှိရပါမယ်။ မသန့်ဘူးဆိုရင်တော ဝမ်းပိုလျှောစေမှာဖြစ်တဲ့အတွက် သန့်တာသေချာမှသုံးသင့်ပါတယ်။
ထမင်းရေထဲမှာvitamin B ဓာတ်တွေပါဝင်ပါတယ်။ ဆန်ထဲမှာပါတယ့်vitamin တွေဟာ ထမင်းချက်နေရင်းနဲ့ ဆန်ထဲကနေအချို့ကထွက်ပြီးထမင်းရည်ထဲမှာပျော်ဝင်ပြီးပါလာပါတယ်။ အဆိုပါဓာတ်တွေဟာ ကိုယ်တွင်းဇီဝကမ္မဖြစ်စဉ်တွေအတွက် အရမ်းအကျိုးရှိစေပါတယ်။ ထမင်းရည်မှာပါတဲ့vitamin B1 ဟာ အစာကနေစွမ်းအင်အဖြစ်ပြောင်းလဲရာမှာအရေးပါပါတယ်။ vitamin B2 ကြောင့် ပါးစပ်အနာပေါက်တာ၊ဗီတာမင်ချို့တဲ့လို့ဖြစ်တဲ့ လျှာမှာအနာပေါက်တာတွေကိုကာကွယ်ပေးနိုင်ပါတယ်။ vitamin B6 ဟာလည်းအာရုံကြောဖွဲ့စည်းမှုကိုအားကောင်းစေနိုင်ပါတယ်။
နောက်ထပ်ကောင်းကျိုးတစ်ခုက အရေပြားခြောက်တာကိုသက်သာစေနိင်ပါတယ်။ ကလေးကိုရေချိုးပေးတဲ့အခါမှာ ချိုးရေထဲကို ထမင်းရည်ထည့်ချိုးရင် အရေပြားခြောက်တဲ့ဝေဒနာတွေကို 20ရာခိုင်နှုန်းလောက်လျော့စေနိုင်တယ်လို့ဆိုထားပါတယ်။ ထမင်းရေဟာ ရေဓာတ်ကိုထိန်းသိမ်းပြီး အရေပြားခြောက်သွေ့တာကိုအတိုင်းအတာတစ်ခုထိလျော့ကျစေတယ်လို့လည်းဆိုထားပါတယ်။
ထမင်ရးည်ဟာ အဖိုးမတန်ဘူးထင်လို့သွန်နေကြပေမယ့် ကောင်းကျိုးတွေရှိပါတယ်။ ဒါကြောင့်နောက်အကြိမ်တွေမှာ ထမင်းရည်ကို သွန်မပစ်ပဲ အသုံးတည့်အောင် သုံးရမှာဖြစ်ပါတယ်။
DR. ZZ source: mydoctor.com.mm
Dr. မွန်မွန်
အထွေထွေနှင့်ကလေးရောဂါကုဆေးခန်း
ရန်-မန်းလမ်းဟောင်း
ဘောဂသီရိကားဝင်းအနီး ပျဉ်းမနားမြို့။
ဖုန်း ၀၉-၇၉၃၈၅၉၂၇၉
Comments