top of page

​မေ​မေတို့သိထားဖို့ ​သွေးလွန်တုပ်​ကွေးအ​ကြောင်း

  • Writer: drhtoo drhtoo
    drhtoo drhtoo
  • Jun 17, 2018
  • 3 min read


သွေးလွန်တုပ်ကွေး Dengue Haemorrhagic Fever (DHF) သွေးလွန်တုပ်ကွေးဆိုရင် ကလေးမေမေတို့ အလွန်ကြောက်ကြပါတယ် ကလေးမေမေတို့ကြောက်သလို ကျွန်တော်တို့ ဆရာဝန်တွေ ဆရာမတွေလည်းကြောက်ပါတယ် ဘာဖြစ်လို့လဲဆိုရင် ခုလိုမျိုး မိုးလေး စွတ်စွတ်ရွာတတ်တဲ့ ရာသီဆိုရင် ကလေးတွေသွေးလွန်တုပ်ကွေးအဖြစ်များပြီး ဆေးရုံဆေးခန်းတွေမှာ ယားလို့ကုပ်ချိန်တောင်မရပါဘူး လူနာတွေများလွန်းလို့ ထမင်းစာချိန် မစားရ ဂျူတီပြီးချိန်အိမ်မပြန်ရ ကိုယ့်လူနာတွေ သက်မှ သက်သာပါ့မလားနဲ့ အိပ်ရတာလည်း မဖြောင့်ပါဘူး သွေးလွန်တုပ်ကွေး ကလေးလူနာတွေများလွန်းလို့ ထားစရာ ကုတင်နေရာမရှိအောင်ကိုပဲဖြစ်လို့ လူနာစောင့်တွေနဲ့ ဆရာမတွေပြဿနာတက်တာလည်း ခဏခဏပါပဲ အဲဒါကြောင့် ကလေးတွေမှာ အဖြစ်များပြီး အသက်ဆုံးရှုံးတဲ့အထိ ပြင်းထန်တတ်တဲ့ သွေးလွန်တုပ်ကွေးအကြောင်းလေး နည်းနည်းပြောပြချင်ပါတယ် သွေးလွန်တုပ်ကွေးဆိုတာ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ ကူးစက်ရောဂါတမျိုးပါ ကူးစက်ရောဂါတွေကြည့်လိုက်ရင် ဘက်တီးရီးယာ (Bacteria)၊ ဗိုင်းရပ်စ် (Virus)၊ ကပ်ပါး (Parasite) နဲ့ မှိုရောဂါ (Fungus) ဆိုပြီး လေးမျိုးပဲရှိပါတယ် အဲထဲကမှ ဗိုင်းရပ်စ်ကြောင့်ဖြစ်တာပါ ကူးစက်ရောဂါဆိုတဲ့အတိုင်း လူတစ်ယောက်ကနေတစ်ယောက် ကလေးတစ်ယောက်ကနေ တစ်ယောက်ကို ကူးပါတယ် ဘယ်လိုနည်းနဲ့ကူးလဲဆိုတော့ ခြင်ကိုက်လို့ပါပဲ သွေးလွန်တုပ်ကွေးရောဂါပိုးရှိတဲ့ ကလေးကိုကိုက်ထားတဲ့ခြင်က တခြားကလေးတယောက်ကို ကိုက်လိုက်တယ်ဆိုရင် အဲ့ဒီကလေးမှာ သွေးလွန်တုပ်ကွေးရောဂါကူးစက်ခံရပါတယ် ခုလိုမိုးလေးရွာ တော့ လမ်းပေါ်မှာ ခြံဝန်းထဲမှာ ရေမြောင်းတွေထဲမှာ ရေဝပ်ပါတယ် ရေဝပ်တော့ လောက်လန်းပေါက်ပါတယ် အဲဒီလောက်လန်းက ခြင်ဖြစ်တော့ သွေးလွန်တုပ်ကွေးကူစက်လွယ်ပါတယ် အဲဒါကြောင့် ကိုယ်နေတဲ့အိမ်ပတ်ဝန်းကျင်မှာ ရေဝပ်နေတဲ့နေရာတွေမရှိအောင် ရှင်းလင်းထားသင့်ပါတယ် ကဲအခုကူးစက်ပုံကိုသိပြီဆိုတော့ ရောဂါလက်ခဏာတှအေကွောငျးပွောရအောင် သွေးလွန်တုပ်ကွေးရဲ့ လက္ခဏာကတော့ အစပိုင်းမှာ သိပ်ထူးထူးခြားခြားပြောလို့မရဘူး သူက သာမန်တုပ်ကွေးလိုပဲ ဖျားမယ် အဖျားကြီးမယ် အစားမစားချင်ဘူး ကိုယ်လက်တွေမလှုပ်ချင်ဘူး ခါတိုင်းကစားနေကျကလေးက မကစားချင်ပဲ ခွေနေတတ်တယ် ကလေးငယ်တွေဆို ဘာမှအလိုမကျဘဲ ဂျီတွန်နေတတ်တယ် ရေတွေပဲခဏခဏတောင်းမယ် ရောဂါနဲနဲဆိုးလာရင်တော့ ဗိုက်နာမယ် အန်မယ် ကိုယ်ကပူနေပြီး ခြေလက်တွေ အေးစက်နေတတ်တယ် ခန္ဓာကိုယ်မှာ အနီစက် အနီကွက်တွေ ထွက်လာမယ် နှာခေါင်းသွေးလျှံမယ် သွားဖုံးသွေးထွက်မယ် ဒီထက်ဆိုးလာရင်တော့ အန်တဲ့အခါကော်ဖီလို အညိုရောင်တွေပါလာမယ် ကလေးကမှိန်းပဲမှိန်းချင်နေမယ် သွေးဝမ်းမည်းမည်းတွေသွားမယ် ဒီလိုအချိန်ဆို အသက်အန္တရာယ်အတော်စိုးရိမ်နရေပွီ ရောဂါက ဖြစ်စအချိန်မှာ သာမန်ဖျားသလိုပဲဆိုတော့ ကလေးတစ်ယောက် ဖျားတယ်ဆို သွေးလွန်တုပ်ကွေးလား သာမန်ဖျားလားဆိုတာ ခွဲခြားသိဖို့လိုတယ် ဘယ်လိုခွဲနိုင်မလဲဆိုတော့ သွေးစစ်ကြည့်နိုင်ပါတယ် ကလေးလက်မောင်း သို့မဟုတ် လက်ထိပ်ကနေ သွေးအနည်းငယ်ဖောက်ပြီး သွေးလွန်တုပ်ကွေးစစ်တဲ့ သွေးစစ်ကိရိယာလေးထဲထည့်စစ်ကြည့်ရပါတယ် သိပ်မကြာဘူး မိနစ်ပိုင်းအတွင်း အဖြေထွက်ပါတယ် နောက်တနည်းကတော့ Hess test ဆိုတဲ့ နည်းနဲ့ပါ အဲဒါကတော့ ကလေးလက်မောင်းမှာ သွေးပေါင်တိုင်းတဲ့ လက်ပတ်လေးနဲ့ ၅ မိနစ် ညှစ်ကြည့်တာပါပဲ အဲလိုညှစ်ကြည့်လို့ အနီစက်တွေ ထွက်လာမယ် ၁ လက်မပတ်လည်အတွင်းမှာ အစက် ၁၀ စက်ကနေ ၂၀ ရှိတယ်ဆိုရင် သွေးလွန်တုပ်ကွေးဖြစ်တယ်လို့ ဆိုနိုင်ပါတယ် ဒီနည်းက ခုနပြောတဲ့ သွေးစစ်တဲ့ကိရိယာမပေါ်ခင်က တော်တော်လေးအသုံးဝင်ပါတယ် ခုလည်း ပစ္စည်းကိရိယာ စုံစုံလင်လင်မရှိတဲ့ နယ်ကတိုက်နယ်ဆေးရုံတွေ သားဖွားဆရာမတွေနဲ့ ကျန်းမာရေးမှူးတွေ ခုထိ သုံးနေဆဲပါ ဒါပေမယ့် တချို့ ကလေးမေမေ တွေက သိပ်နားမလည်တော့ မကြိုက်ဘူးဗျ ဆရာဝန်ဆရာမတွေက ကလေးကို သွေးပေါင်ချိန် ပြီးတော့ လက်မောင်းမှာညှစ်ထား အချိန်မှတ်ပြီးတာနဲ့ တခြားကြည့်စရာရှိလူနာတွေသွားကြည့် လုပ်စရာတွေသွားလုပ် အချိန်ပြည့်မှ ပြန်လာကြည့် ဒီလိုလုပ်တတ်တာကိုး အဲဒါကို သူတို့ကလေးလက်မောင်းကို သွေးပေါင်းတိုင်းပြီး လှည့်လည်းမကြည့်ဘူး ပစ်ထားတယ်ပေါ့ ဒီမှာ ကလေးကနာလွန်းလို့ အော်နေရတယ်ဆိုပြီး ဆရာဝန်ဆရာမတွေကို အပြစ်ပြောတတ်ကြတယ် ဒီလို ပြဿနာတွေ တက်တာလည်း ခဏခဏပါပဲ ခုလို သွေးလွန်တုပ်ကွေးရာသီဆို ကဲထားလိုက်ပါတော့ ခုနက ပြောတဲ့ သွေးလွန်တုပ်ကွေးဟုတ်မဟုတ် ခွဲခြားပြီးလို့ သွေးလွန်တုပ်ကွေးဆိုတိုင်း ဆေးရုံတက်ဖို့ မလိုပါဘူး စိုးရိမ်ရတဲ့အနေအထားမဟုတ်ပါဘူး အဲဒါလေးပြောချင်တာ သွေးလွန်တုပ်ကွေးရောဂါကို ကုသစောင့်ရှောက်ပေးတဲ့အခါမှာ ရောဂါအဆင့် ၄ မျိုးခွဲခြားသတ်မှတ်နိုင်တယ် အဆင့် ၁။ သာမန် အဖျားလိုပဲ အဖျားကြီးမယ် ကိုယ်လက်ကိုက်မယ် မစားချင်မသောက်ချင်ဖြစ်မယ် အဆင့် ၂။ အပေါ်ကအဆင့် ၁ လက္ခဏာတွေအပြင် သွားဖုံးသွေးထွက်မယ် နှာခေါင်းသွေးလျှံမယ် ကိုယ်လက်တွေမှာ အနီသွေးခြေဥသလို အညိုမည်းကွက်တွေထွက်မယ် အဆင့် ၃။ ကော်ဖီယောင် ညိုမည်းမည်းတွေအန်မယ် သွေးဝမ်းတွေသွားမယ် ခြေလက်တွေ အေးစက်ပြီးကလေးက ဂဏာမငြိမ်ဖြစ်နေတတ်တယ် ဆီးသွားနည်းနေမယ် အဆင့် ၄။ သွေးလန့်တဲ့အဆင့် ကလေးကမှိန်းနေမယ် သတိရချင်လဲရမယ် သတိလစ်ရင်လဲ လစ်နေတတ်တယ် သွေးပေါင်တိုင်းကြည့်လို့မရတော့ဘူး ဆီးလည်းသိပ်မသွားတော့ဘူး ဒီလို အကြမ်းဖျင်းခွဲထားတယ်။ အဆင့် ၁ ဆိုရင် ဆေးရုံတင်စရာမလိုဘူး အိမ်မှာပဲ ဆေးတိုက် ဓာတ်ဆားရည်တိုက်လို့ရတယ် ဒါပေမယ့် ဆရာဝန် ဆရာမနဲ့ အဖျားမပျောက်မချင်း အနည်းဆုံး တစ်ရက်တစ်ခါ ပြဖို့လိုတယ် ဘာဖြစ်လို့လဲဆိုတော့ အဆင့် တစ် နှစ် သုံး ခွဲတာက တတ်ကျွမ်းနားလည်တဲ့သူမှ မှန်မှန်ကန်ကန် ခွဲတတ်မှာမလို့ပါ။ ရောဂါမပျောက်မချင်း အဆင့် ၁ ကနေ ၂ ၃ ၄ ကို ကူးသွားနိုင်တယ်။ ကလေးမေမေတွေ မှားတတ်တာ ဘာလဲဆိုတော့ ကလေးက အဆင့် ၃ ဖြစ်တဲ့ သွေးလန့်ခါနီး ကိုယ်လက်တွေ အေးစက်သွားတာကို ကလေးက အဖျားပျောက်ပြီး ချွေးတွေထွက်နေကောင်းသွားပြီ အားမရှိလို့ မှိန်းနေတာလို့ထင်တတ်တယ် ဆေးရုံရောက်တော့ အခြေအနေက တော်တော်လွန်နေပြီ အဲလိုအဖြစ်မျိုး ခဏခဏကြုံရတယ် ရလဒ်ကတော့ ကလေးမသေသင့်ဘဲသေရတယ်ပေါ့ဗျာ တကယ်ဝမ်းနည်းစရာကောင်းပါတယ် အဲတော့ အဆင့် ၂ လက္ခဏာတွေပေါ်လာရင်တော့ သိသိချင်း ဆေးရုံ ဆေးခန်းကို လာပြဖို့လိုပါမယ် အဲဒီမှာ ဆရာဝန်က ကြည့်ပြီး ဆေးရုံတင်သင့်ရင် တင်မယ် မတင်သင့်ရင် အိမ်မှာ ပြန်နေလို့ရရင် ပြန်ရမယ် အဆင့် ၃ နဲ့ ၄ ကတော့ သေချာပေါက် ဆေးရုံတင်ရမယ် အနေအထားပါ လက္ခဏာတွေ တွေ့တွေ့ချင်း နီးစပ်ရာဆေးရုံကို ပြေးလာဖို့လိုပါမယ် အဆင့် ၄ ဆိုရင် အသက်အန္တရာယ် အရမ်းစိုးရိမ်ရတဲ့အနေအထားပါ မိနစ်နဲ့အမျှ အရေးကြီးတဲ့အချိန်ရောက်သွားပြီ စောစောရောက်လေ အသက်ရှင်ဖို့ အခွင့်အရေးများလေပဲ ဒီနေရာမှာပြောချင်တာက ဆေးရုံတွေမှာ သွေးလွန်တုပ်ကွေးရာသီဆို လူနာတွေကများ ကုတင်နေရာကမလောက် ဆရာဝန် ဆရာမတွေ အကုန်လုံး အလုပ်တွေများလွန်းလို့မနိုင် ကလေးမေမေတွေက သွေးလွန်တုပ်ကွေးဆိုတာနဲ့ အရမ်းလန့်သွားပြီး ဆေးရုံပဲတက်ချင်။ ရပါတယ် ကလေးက အဆင့် ၁ ပဲရှိတယ် ဆေးရုံတက်ဖို့မလိုပါဘူး ဆိုတာလည်းမရ။ ကျွန်မတို့က ဘာမှနားမလည်ဘူးရှင့် အိမ်မှာလည်း နားလည်တဲ့သူမရှိဘူး ဒီမှာကမ ဆရာတို့နဲ့ နေရတော့ စိတ်ချရတာပေါ့ မေမေတွေဘက်ကလည်းဟုတ်တာပဲ ကိုယ့်သားသမီးလေး တစ်ခုခုဖြစ်သွားမှာစိုးရိမ်တာပေါ့ ဒါပေမယ့် ဆေးရုံမှာ လူနာတစ်ယောက်ပိုလာရင် အလုပ်တွေပိုလာတာပဲ ဒါအလုပ်များလို့ အလုပ်ရှုပ်လို့ ညည်းတာမဟုတ်ဘူး တခါတလေကျတော့ အလုပ်တွေများလွန်းတော့ တကယ်အရေးကြီးတဲ့ အနီးကပ်စောင့်ရှောက်ပေးရမယ့်လူနာတွေအတွက်တော့ ကောင်းကောင်းမကြည့်နိုင်တော့ဘူး အဲလိုဖြစ်ရတယ် ကဲထားပါတော့ ဒါဆေးရုံမှာကြုံရတာလေးတွေ ကြုံတုန်းပြောပြတာ အဆင့် ၁ နဲ့ ၂ ကို အိမ်မှာနေလို့ရတယ်ဆိုတော့ အိမ်မှာ ဘယ်လိုလုပ်ပေးရမလဲဆိုတာပြောမပြခင်သွေးလွန်တုပ်ကွေး ဘာကြောင့်ဆိုးတာလဲဆိုတာပြောချင်တယ်

သွေးလွန်တုပ်ကွေးရောဂါဖြစ်ရင် ခန္ဓာကိုယ်အနှံ့အပြားမှာရှိတဲ့ သွေးကြောနံရံကနေပြီးတော့ သွေးရည်ကြည်တွေက အပြင်ကို စိမ့်ထွက်တယ် အပြင်ဆိုတာ အရေပြားအောက်ထဲ အသားတွေထဲ အဆီတွေထဲကို စိမ့်ထွက်တော့ သွေးကြောထဲမှာ အရည်ဓာတ်ခမ်းခြောက်သွားတယ် သွေးပေါင်တွေကျတယ် နောက်တစ်ခုက သွေးထဲမှာ သွေးတိတ်စေတတ်တဲ့ Platelet ပလိတ်လတ် ဆိုတဲ့ ဆဲလ်တွေလျော့နည်းသွားတယ် အဲဒီတော့ အလိုလျောက် သွေးကြောတွေပေါက်တယ် ခန္ဓာကိုယ်ကနေ သွေးတွေစိမ့်ထွက်တယ် သွားဖုံးသွေးယိုတယ် နှာခေါင်းသွေးလျှံတယ် အစာအိမ်သွေးကြောပေါက်တော့ ကော်ဖီယောင်တွေအန်တယ် ဝမ်းမည်းမည်းတွေသွားတယ် အဲဒီတော့ ခန္ဓာကိုယ်မှာ ရေဓာတ်တွေဆုံးရှုံးသွားတဲ့အတွက် ရေဓာတ်ပြန်ဖြည့်ပေးရတယ် ဓာတ်ဆားတိုက်လို့ရတယ် သစ်သီးဖျော်ရည်တွေတိုက်လို့ရတယ် အုန်းစိမ်းရည်တိုက်လို့ရတယ် မြူစွမ် စွပ်ပြုတ်ရည် ကြက်ပေါင်းရည် တိုက်လို့ရတယ် အစားအစာအနေနဲ့ ပျော့ပျော့နဲ့ အစာကြေလွယ်တာလေးတွေကျွေးလို့ရတယ် ထမင်းရည်တိုက်လို့ရတယ် ဆန်ပြုတ် ခေါက်ဆွဲပြုတ်တိုက် နို့ထမင်း စတာတွေကျွေးလို့ရတယ် ရှောင်ရမှာတွေကတော့ အပူ အစပ် နဲ့အချဉ်တွေရှောင်မယ် အစားကျွေးတဲ့အခါ အရမ်းမပူစေနဲ့ တချို့က ချွေးထွက်သွားအောင် ထမင်းရည်ပူပူလေးသောက်ခိုင်းတတ်တယ် သောက်ကောင်းရုံပူရင်ရပါတယ် အရမ်းပူတာကြီးတော့မသောက်ခိုင်းပါနဲ့ အစာအိမ်ထိခိုက်ပြီး သွေးယိုမှာစိုးလို့ပါ နောက်အရေးကြီးတဲ့အချက်က လက်ဖက်ရည် ကော်ဖီ နဲ့ အရောင်ရင့်တဲ့ အစားအစာ အရည်တွေမတိုက်ပါနဲ့ ဘာဖြစ်လို့လဲဆိုတော့ ဖျားနေတဲ့ကလေးက အစာချေဖျက်မှုအားနည်းတယ် အဲတော့ အန်တဲ့အခါ ကိုယ်ကျွေးလိုက်တဲ့ အစားအစာ ကော်ဖီရောင်တွေပြန်အန်တာလား အစာအိမ်သွေးကြောပေါက်လို့ ကော်ဖီရောင်အန်တာလားခွဲခြားမသိမှာစိုးလို့ပါ အဲဒါအရေးအကြီးဆုံးပဲ အဝတ်အစားကို ပွပွ ချောင်ချောင်ဝတ်ပေးပါ။ ချမ်းတယ်ဆိုရင် အနွေးထည်ခပ်ပါးပါး စောင်ခပ်ပါးပါးလေးပဲခြုံပေးထားပါချွေးထွက်အောင်ဆိုပြီးအနွေးထည်အထူကြီးဝတ်မပေးပါနဲ့ စောင်တွေနဲ့ ထွေးပတ်မထားပါနဲ့ ခန္ဓာကိုယ်ထဲကအပူတွေ အပြင်ကိုမထွက်ပဲ အောင်းနေပြီး အပူကြီးလာတတ်ပါတယ် နောက်တစ်ချက်က အဖျားအရမ်းကြီးလို့ရှိရင် ရေပတ်တိုက်ပေးလို့ရပါတယ် အဝတ်ကို ရေစိုရွှဲနေအောင် စွတ်ပြီး ခန္ဓာကိုယ်အနှံ့ တိုက်ပေးရပါမယ် ချိုင်းကြားလေး နှာဖူးလေးတင်မဟုတ်ပါဘူး တကိုယ်လုံးစိုရွှဲသွားအောင်တိုက်ပေးမယ် လိုအပ်ရင် ရေပါလောင်းချိုးပေးလို့ရပါတယ် ပြီးတာနဲ့ တဘတ်ခြောက်နဲ့ ခြောက်အောင်ပြန်သုတ်ပေးလိုက်ရင်ရပါပြီ အိမ်မှာနေရင်းနဲ့ ညွှန်ကြားလိုက်တဲ့ ဆေးတွေ သူ့အချိန်နဲ့သူ မှန်မှန်တိုက်ပေးရပါမယ် ပြီးတော့ ရောဂါအဆင့် ၃ နဲ့ ၄ လက္ခဏာတွေပေါ်မပေါ်အမြဲမပြတ်စောင့်ကြည့်နေရပါမယ် ပေါ်လာတာနဲ့ ဆေးရုံကို အပြေးလာခဲ့ဖို့လိုပါလိမ့်မယ် မနက်ကမှပြထားသေးတယ် ညနေတော့ မပြတော့ဘူး နောက်နေ့မနက်မှပြန်ပြလိုက်မယ်လို့ မဆုံးဖြတ်ပါနဲ့ ချက်ချင်းလာပြဖို့လိုပါတယ် ပုံမှန်အားဖြင့်တော့ သွေးလွန်တုပ်ကွေးဖျားက တပတ် ဆယ်ရက်လောက်ကြာတတ်ပါတယ် သွေးလွန်တုပ်ကွေးဆိုတာ ဗိုင်းရပ်စ်ရောဂါပါ ဒါကြောင့် တခြားဗိုင်းရပ်စ်ရောဂါတွေလိုမျိုးပဲ တပတ်ဆယ်ရက်လောက်ဆို သူ့အလိုလိုပျောက်ပါတယ် ထိရောက်အောင် ကုသတဲ့ဆေးမရှိသေးပါဘူး ကျွန်တော်တို့တွေ သွေးလွန်တုပ်ကွေးကုတယ်ဆိုတာ အဖျားမတက်အောင် အဖျားကျဆေး အန်နေတယ်ဆိုရင် အအန်ပျောက်ဆေး ဗိုက်အောင့်တာနဲ့ပါတွဲရင် ဗိုက်အောင့်ပျောက်ဆေး အစားအသောက်မပျက်အောင် ဗီတာမင်အားဆေး ရေဓာတ်ခန်းခြောက်မှုရှိမရှိကြည့်ပြီး ဓာတ်ဆားရည်တိုက်ခိုင်း ဒီလောက်ပါပဲ ဘယ်ဆရာဝန်နဲ့ပြပြ တပတ်ဆယ်ရက်ဆို သူ့အလိုလိုပျောက်ပါတယ် ဒါကိုလည်း တချို့ကအမြင်စောင်းတာရှိသေးတယ် အဲ့ဆရာက လူနာကို ဆွဲပြီးကုတာဘာညာနဲ့ အမှန်တော့ ဆွဲကုစရာဘာမှကိုမရှိတာ သူ့ဟာသူပျောက်မည့်အချိန်ကိုပဲစောင့်နေရတာ အဲလိုစောင့်နေတုန်း ရောဂါအဆင့်တက်လာမှာကို ပဲကြောက်နေရတာ ဒါကြောင့် တစ်နေ့တစ်ခေါက်တော့ လာပြပါလို့မှာရတာ အဲလိုနဲ့ တပတ်ဆယ်ရက်လောက်ကြာတော့ ပျောက်ရော ။ ပျောက်ရင် သွေးလွန်တုပ်ကွေးရဲ့ ထူးခြားတဲ့လက္ခဏာဖြစ်တဲ့ ခြေထောက်မှာ အနီကွက်တွေပေါ်လာတတ်တယ်။ အဲဒီအချိန်ဆို ကလေးအမေတွေက စိတ်ပူပြီးလာပြရော ကိုယ်တွေကတော့ ပျော်နေတာ ရောဂါပျောက်ပြီဆိုပြီးတော့ အဲတော့မှ သေချာရှင်းပြရတယ် မေမေရေ မေမေ့ကလေးက သွေးလွန်တုပ်ကွေးရောဂါပျောက်သွားပြီဆိုတဲ့လက္ခဏာပဲ အဲဒါစိတ်သာဒုံးဒုံးချပေတော့ အန္တရာယ်အခြေအနေတွေလည်း လွန်မြောက်သွားပြီ စားချင်တာကျွေးလို့ရပြီ

ကာကွယ်တဲ့အကြောင်းကတော့ နောက်မှရေးတော့မယ် ဒုတိယပိုင်းပေါ့ မျှော် ခုတော့ နားဦးမယ်


By #drhtoo 22.7.2017




Comments


ဒေါက်တာ မွန်မွန်

အထွေထွေနှင့်ကလေးရောဂါကုဆေးခန်း

General and Paediatric Clinic

အမှတ် (၅/၇၁)၊ ရန်ကုန်-မန္တ​လေးလမ်း​ဟောင်း၊ ​ဘောဂသီရိကားဝင်းအနီး

ပျဉ်းမနားမြို့။

(+95) 09-793859279
  • Facebook Social Icon
  • Google+ Social Icon

နေ့စဉ် − နံနက် ၉:၀၀ မှ − ည ၈:၀၀ အထိ

© 2023 Medical Clinic. Proudly created with Wix.com

bottom of page