မိန်းကလေးများဓမ္မတာလာနေတုန်းခေါင်းလျှော်လို့ရလား
- drhtoo drhtoo
- Jun 17, 2018
- 1 min read

မိန်းကလေးတွေဓမ္မတာလာနေတုန်း ခေါင်းလျှော်လို့ရလား၊ လက်ဖက်စားလို့ရလား ဆိုတာကို ကျနော့်ကိုခဏခဏမေးကြတယ်။
ဘာမှမဖြစ်ပါဘူး။ ဘာမှလည်းမဆိုင်ပါဘူး။ ဘယ်ဆေးစာအုပ်ထဲမှာမှလည်း မိန်းကလေးတွေ ဓမ္မတာလာနေချိန် ခေါင်းမလျှော်ရဘူးလို့မတားမြစ်ထားပါဘူး။ လက်ဖက်လည်းစားလို့ရသလို၊ ခေါင်းလည်းလျှော်နိုင်ပါတယ်။ သန့်သန့်ရှင်းရှင်းနေတာပိုတောင် ကောင်းပါသေးတယ်။ ခေါင်းလျှော်လိုက်လို့၊ လက်ဖက်စားလိုက်လို့ ဓမ္မတာထိန်သွားတယ်ဆိုတာ မဟုတ်ပါဘူး။
နောက်တစ်ခုကတော့ ကေသီပန်ကိစ္စပါ။ သူများစီးပွားရေး မဖျက်ချင်ဘူးဗျာ။ ဒါပေမယ့်လည်းနည်းနည်းသိအောင်တော့ပြောပြချင်တယ်။ အဲဒီဆေးဘာလုပ်လဲ၊ ဘာတွေပါလဲဆိုတာတော့ ကျနော်မသိပါ။ ဆေးရုံမှာလုပ်တုန်းကတော့ ကေသီပန်သောက်ပြီး ကိုယ်ဝန်ဖျက်ချတဲ့သူတွေအများကြီးမြင်ဖူးပါတယ်။ ကျနော်ထင်တာတော့ အဲဒီဆေးကိုအများအားဖြင့်သုံးကြတာကတော့ အဲလိုမျိုးကိုယ်ဝန်ဖျက်ချတဲ့နေရာတွေကြီးပါပဲ။
ဆေးရုံရောက်တော့ပြောတာက သွေးထိန်လို့ ဆေးသောက်တယ်တဲ့။ ကိုယ့်အကြောင်းကိုယ်အသိဆုံးပါဗျာ။ ကိုယ်ဘာကြောင့် သွေးထိန်သွားတာလည်းဆိုတာကို ကိုယ်အသိဆုံးပါ။ အဲဒါကိုဓမ္မတာမလာလို့ ကေသီပန်သောက်ပါတယ်ဆိုပြီးလုပ်ရော။ ဒီဆေးကကိုယ်ဝန်ကိုလုံးဝပျက်ကျသွားအောင် အားမကောင်းစေပါ။ ပျက်သလို၊ မပျက်သလိုနဲ့ ပာိုမရောက် ဒီမရောက် Incomplete abortion တွေဖြစ်ကုန်ရော။ ကျနော်တော့အဲဒီသွေးသန့်ဆေးဆိုတာကို ကိုယ်ဝန်ဖျက်ချဆေးလို့ပဲမြင်တယ်။ ပြီးတော့တကယ်လည်း ပျက်တာလည်းမပာုတ်ပါဘူးဗျာ။ ကိုယ်ဝန်ရှိနေမှဖြင့် အပြင်အကူအညီမယူဘဲ အဲဒီဆေးတစ်ခုတည်းနဲ့ကတော့ ပျက်ကိုမပျက်တာ။ ကြားထဲကခံရတာပဲ အဖတ်တင်မယ်။ သွေးသန့်ရအောင်ဘယ်သွေးတွေကမသန့်ဖြစ်နေလို့လဲ။ လစဉ်ဓမ္မတာသွေးဆင်းတယ်ဆိုတာက သွေးမသန့်လို့ဆင်းတာမှမပာုတ်တာပဲ။ သားအိမ်ကကလေးလာဖို့ပြင်ဆင်ထားပြီး ကလေးမလာတော့လို့ ပြင်ဆင်ထားတာတွေ သွေးနဲ့အတူဆင်းတာက ဓမ္မတာလာတာပါ။
ညစ်ပတ်တဲ့သွေးတွေဆင်းတာမပာုတ်ပါဘူး။ နောက်ပြီးရှိပါသေးတယ်။ ဓမ္မတာပေါ်ဆေးဆိုတာ။ အမှန်တော့ သုံးလခံထိုးဆေး (Depo) ကိုပြောတာပါ။ ကိုယ်ဝန်ရှိနေတာမပာုတ်ဘဲ အကြောင်းကြောင်းကြောင့် ဓမ္မတာမလာတာဆိုရင်တော့ ဒီဆေးထိုးရင် ဓမ္မတာပြန်ပေါ်ပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ရှိနေလို့ဆိုရင်တော့ ဆယ်လုံးထိုးဦး မပေါ်တော့ပါဘူး။ နားလည်မှုလွဲမှားနေတာလေးတွေပါ။
academic medicines
အမျိုးသမီးနှင့်ကျန်းမာရေး facebook page မှ copy ကူးယူဖော်ပြပါသည်။
Comments