top of page

ဖျားနေသောကလေးအား ပြုစုပေးရန်လမ်းညွှန်

  • Writer: drhtoo drhtoo
    drhtoo drhtoo
  • Jun 21, 2018
  • 1 min read


  • ကလေးအဖျားတက်ခြင်းသည် ခန္ဓာကိုယ်အပူချိန် မမျှ တခြင်းဖြစ်နိုင်သလို သွေးလွန်တုပ်ကွေး၊ လူတုပ်ကွေး ကဲ့သို့အဖျားပိုးဝင်ရောက်ခြင်းလည်း ဖြစ်နိုင်ပါသည်။

  • ကလေးဖျားပါကပါရာစီတမောအခဲ(သို့မဟုတ်)အရည် တိုက်ပေးခြင်းဖြင့် အဖျားကျအောင်ပြုလုပ် နိုင်သည်။

  • ပါရာစီတမောအား ကလေးကိုယ်အလေးချိန် ၁ ကီလို ဂရမ်လျှင် ၁၅ မီလီဂရမ်နှုန်းဖြင့် တွက်ချက်၍ တစ်နေ့ လျှင် ၄ ကြိမ်မှ ၆ ကြိမ်အထိ တိုက်ပေးနိုင်ပါသည်။

  • အဖျားကြီးပါက ရေပက်တိုက်ပေးခြင်း၊ ရေချိုးပေး ခြင်း ပြုလုပ်နိုင်ပါသည်။ ရေချိုး/ရေပက်တိုက်ပေးပြီး လျှင်တဘက်ခြောက်ဖြင့်တစ်ကိုယ်လုံးရေခြောက်သည် အထိ ပြန်သုတ်ပေးရန်လိုပါသည်။

  • ဖျားနေသောကလေးသည် ပုံမှန်ကလေးများထက် အစာအာဟာရပိုလိုအပ်သဖြင့် ကလေးဖျားနေပါက အစားအစာ ဖြတ်မပစ်ပါနှင့်။ အန်ခြင်း၊ ဗိုက်နာခြင်း မရှိပါက စားနေကျအစားအတိုင်းဆက်ကျွေးနိုင်သည်။

  • မိခင်နို့တိုက်နေသော ကလေးဖြစ်ပါက မိခင်နို့ကိုဆက် တိုက်ပါ။

  • မည်သည့်အကြောင်းကြောင့်ဖျားဖျား (ဓာတ်ဆားရည် မတိုက်သင့်သော အခြားအကြောင်း မရှိပါက) ဓာတ် ဆားရည်တိုက်ဖို့မမေ့ပါနှင့်။

  • သွေးလွန်တုပ်ကွေးကဲ့သို့သော သွေးပေါင်ချိန်ကျတတ် သည့်ရောဂါများတွင် ဓာတ်ဆားရည်တိုက်ရန် အထူး လိုအပ်ပါသည်။


ကျွန်မ​​ဆေးခန်းစာအုပ်မှာ ​ရေး​ပေးထားတာ​လေးကို ပြန်တင်တာပါ။


21-06-2018

Comments


ဒေါက်တာ မွန်မွန်

အထွေထွေနှင့်ကလေးရောဂါကုဆေးခန်း

General and Paediatric Clinic

အမှတ် (၅/၇၁)၊ ရန်ကုန်-မန္တ​လေးလမ်း​ဟောင်း၊ ​ဘောဂသီရိကားဝင်းအနီး

ပျဉ်းမနားမြို့။

(+95) 09-793859279
  • Facebook Social Icon
  • Google+ Social Icon

နေ့စဉ် − နံနက် ၉:၀၀ မှ − ည ၈:၀၀ အထိ

© 2023 Medical Clinic. Proudly created with Wix.com

bottom of page