ကလေးဝက်သက်အကြောင်း
- drhtoo drhtoo
- Jun 17, 2018
- 1 min read
Child Health Myanmar ရဲ့ post လေး share ပေးလိုက်ပါတယ်။
၂၀၂၀ တွင် မြန်မာနိုင်ငံမှ အပြီးပျောက်သွားဖို့ လိုအပ်သော အန္တရာယ်ကြီးမားသည့် ဝက်သက်ရောဂါ
📷🛑သတိ- မိမိကလေးက ဝက်သက်ကာကွယ်ဆေး ထိုးထားသော်လည်း မိမိနေသောအရပ်တွင် ဝက်သက်ကာကွယ်ဆေးမထိုးထားသော ကလေးအရေအတွက်များလာသည်နှင့်အမျှ ဝက်သက်ပိုး၏ ပြန့်ပွားနှုန်းမြန်ဆန်လာပြီး ကာကွယ်ဆေးထိုးသော ကလေးပါ ဝက်သက်ဖြစ်ဖို့ အန္တရာယ်ရှိလာပါသည်။
နေရာဒေသတစ်ခုတွင် ဝက်သက်ကာကွယ်ဆေးထိုးထားသူ ကလေးဦးရေများလေ၊ ဝက်သက်ပိုး ပပျောက်ဖို့ နီးစပ်လေဖြစ်ပါသည်။ ထို့ကြောင့် မိမိကလေးက ကာကွယ်ဆေးမထိုးထားသော ကလေးနှင့် ဆော့ကစားလျှင်၊ မူကြို၊ နေ့ကလေးထိန်းနှင့် စာသင်ခန်းတစ်ခန်းထဲရှိမည်ဆိုလျှင် ထိုကလေးအမေကို သူ့ကလေးအား ဝက်သက်ကာကွယ်ဆေးထိုးဖို့ အမြန်ဆုံး အကြံပြုလိုက်ပါ။
📷✅၁/ ဘာကြောင့်ဖြစ်? -Measles ဟုခေါ်သော ဗိုင်းရပ်စ် တစ်မျိုးကြောင့်ဖြစ်သည်။
📷✅၂/ ဘယ်လိုကူး? -ရောဂါရှိသူ နှာချေ/ ချောင်းဆိုး၍ ထွက်လာသော အရည်စက်များတွင် ပိုးပါလာသည်။ အသက်ရှူလမ်းကြောင်းမှတဆင့် အလွန်ကူးလွယ်သည်။
📷✅၃/ကူးတိုင်း ဝက်သက်ဖြစ်မှာလား?
📷🔺အုပ်စု (၁) ကာကွယ်ဆေး နှစ်ကြိမ် အပြည့် ထိုးထားသည်။
-ခုခံအားရှိပြီး၍ ဘာမှ မဖြစ်တာလည်းရှိမည်။ -ခုခံအား အပြည့်အဝမရှိ၍ အဖျားငွေ့ငွေ့၊အနီစက် မှိန်မှိန်၊ နှာနည်းနည်းစီးသော်လည်းအမြန် ပျောက်သွားနိုင်သည်။
📷🔺အုပ်စု (၂) ဝက်သက်ဖြစ်ဖူးသူများ သဘာဝ ကိုယ်ခံအား အပြည့်ရှိ၍ ကူးစက်ခံရသော်လည်း လက္ခဏာမပြပါ။
📷🔺အုပ္စု (၃) ခုခံအား မရဖူးပါ။
-အဖျားကြီး၊ မျက်လုံးနီ၊ နှာစေး၊ အနီစက်ထွက်၊ အစားမဝင်ခြင်းများဖြစ်သည်။ -နောက်ဆက်တွဲ ပြဿနာများရနိုင်မည်။
📷✅၄/ ဝက်သက်၏နောက်ဆက်တွဲ ပြဿနာများ
၁၀ ယောက်မှာ ၁ ယောက် အဆုတ်ရောင်သည်။ ၁၀၀၀ မှာ ၁ ယောက် ဦးနှောက်ရောင်နိုင်သည်။ ဦးနှောက်ရောင်လျှင် ၄ ယောက် ၁ယောက်သေသည်။ ၁၀ ယောက်မှာ ၄ ယောက် ဦးနှောက် ရာသက်ပန် ပျက်ဆီးနိုင်သည်။
📷✅၅/ ပျောက်ဖို့ဆေးရှိလား?
-မရှိပါ။ ထို့ကြောင့် မဖြစ်အောင် ကာကွယ်ဆေး ထိုးပေးရသည်။ - ဖြစ်လျှင် ရေများများတိုက်၍ အစာပျော့ပျော့ ကျွေးပါ။ -ခန္ဓာကိုယ်တွင် အနီစက် မပေါ်ခင် ၄ ရက်နှင့် ပေါ်ပြီး ၄ ရက် သူများကို ကူးစက်နိုင်၍ ကလေးကို ကျောင်း၊ မူကြို မပို့ပါနှင့်။ -ကလေးကို လက်မှန်မှန်ဆေးပေးပါ။ -နှာချေ ချောင်းဆိုးလျှင် တစ်ရှူးနှင့် ကာပါ။ -သုံးပြီး တစ်ရှူးကို အဖုံးပါသော အမှိုက်ပုံးထဲသို့ သေချာစွာ စွန့်ပစ်ပါ။ -မျက်နှာသုတ်ပဝါတစ်ထည်စီသုံးပါ။ -အိမ်တွင် ဝက်သက်တစ်ယောက်ဖြစ်သော် ရေချိုးခန်း၊ မီးဖိုချောင်တို့ကို ပိုးသတ်ဆေးနှင့် သန့်ရှင်းရေးသေချာလုပ်ပါ။ -ကလေးကို အာဟာရပြည့်ဝအောင်ကျွေးပါ။
📷✅၆/ ဝက်သက်ကာကွယ်ဆေး
မြန်မာနိုင်ငံမှာ ပုံမှန်အနေနှင့် ကလေးကို ၉ လ နှင့် ၁၈ လ အရွယ်တွင် ဝက်သက်ကာကွယ်ဆေး ၂ ကြိမ်ပေးပါသည်။
ရုတ်တရက် ကပ်အသွင် ဖြစ်ပွားနိုင်သော ဝက်သက်ပိုး ပြန့်ပွားမှုအကြောင်းရင်းများမှာ
-ကာကွယ်ဆေးမထိုးထားသော ကလေးများမှ တဆင့် အချင်းချင်း ရောဂါပိုးကူးစက်ခြင်း
-ယခင် ကာကွယ်ဆေး ထိုးထားသော်လည်း အကြောင်းကြောင်းကြောင့် ခုခံမှု စွမ်းအား အပြည့်အဝမရရှိခြင်း
-ခုခံမှု ရပြီးမှ ပြန်လည် လျော့နည်းသွားခြင်း စသော အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါသည်။
ဝက်သက်ကာကွယ်ဆေး ဘေးထွက်သက်ရောက်မှု
-ထိုးပြီး ၅ ရက်မှ ၁၀ ရက်အတွင်း အဖျားနှင့် အနီစက် ထွက်နိုင်သည်။ ကိုယ်ခံအား တက်ဖို့ ခန္ဓာကိုယ်က ကြိုးစားနေုခြင်းဖြစ်ပါသည်။ -အခြားလူကို မကူးစက်နိုင်ပါ။ -မပြင်းထန်ပါ။ -မသေနိုင်ပါ။ -အော်တဇင်ဖြစ်ခြင်းနှင့်ဆက်စပ်မှုမရှိပါ။ -ကာကွယ်ဆေးထိုးပြီးလျှင် တစ်ပတ်အတွင်း ရေများများတိုက်ပါ။
နေနေမိုးဆွေ- Child Health Myanmar Page #naynaymoeswe
Commentaires