Allergic Reaction (သို့မဟုတ်) အင်ပျဉ်ထခြင်း
- drhtoo drhtoo
- Jun 17, 2018
- 1 min read
မူရင်း post လင့််ခ်
https://www.facebook.com/groups/200529316668654/permalink/1469826049738968/
ကျန်းမာရေးအသိပညာ Group မှ Admin နှင့် members များအားလုံး မင်္ဂလာပါ ဗျ ။
ကျနော် ၄ နှစ်နီးပါးလောက် ခံစားနေရတဲ့ဝေဒနာတစ်ခုကို ကူညီပြီးအကြံဉာဏ်ကောင်းလေးများရှိရင်ပေးကြ ပါလို့ တောင်းဆိုပါရစေ။ ကျနော်ဖြစ်နေတာက Allergic လို့ခေါ်တဲ့ အင်ပျင်ထပြီး ယားယံတဲ့ဝေဒနာပါ ။
ဆရာဝန် ၃ ဦး ပြောင်းပြီး ကုသခဲ့ဖူးပါတယ် အစားအသောက် အမျိုးမျိုး ရှောင်ခိုင်းပြီးဆေးထိုး ဆေးသောက်ပြုလုပ်နေစဉ်မှာဘဲ သက်သာပြီး ပြန်ဖြစ်ပါတယ် ။ ခန္ဒာကိုယ်နေရာအနှံ့ ဓာတ်ပုံမှာပြထားတဲ့အတိုင်းယားယံပြီး တော်တော်ဒုက္ခရောက်တဲ့ရောဂါပါ ။ ယားယံလာရင် Cetirizine ဆိုတဲ့ဆေးကို သောက်လိုက်ရင်တော့ သက်သာသွားပါတယ် ဓာတ်ပုံထဲမှာပြထားတဲ့ Cetirizine ဆိုတဲ့ဆေးကို ၁ ရက်ခြား တစ်လုံး ပုံမှန်သောက်နေရပါတယ် အဲ့ဒီဆေးကို မသောက်မိရင် ယားလာပြီး အဖီးအဖီးတွေဖြစ်လာပါတယ်။ Cetirizine ဆေးကို နှစ်နဲ့ချီပြီး စွဲသောက်နေရတဲ့အတွက် ဆေးရဲ့ဘေးထွက်ဆိုးကျိုးဖြစ်လာမှာကိုစိုးရိမ်မိလို့ပါ ။
မိတ်ဆွေ သူငယ်ချင်းတို့ မှာ ရောဂါပျောက်ကင်းစေမဲ့ဆေးနည်းလေးများရှိရင် ကျေးဇူးပြုပြီး comment မှာပြောပြပေးကြပါ။
အားလုံးကို ကျေးဇူးတင်စွာဖြင့် အကူအညီတောင်းပါရစေ
Aung Thein Swe 7. 11.2017
allergic reaction ဓာတ်မတည့်တဲ့ရောဂါ ဆိုတာ လူတော်တော်များများ ဖြစ်ဖူးကြပါတယ် post မှာပါတဲ့ပုံလိုမျိုး တကိုယ်လုံးမပြင်းထန်ရင်တောင်မှ အင်ပျင်ထတာ အနည်းနဲ့အများတော့ြဖစ္ဖူးၾကမွာပါ
လူတစ်ယောက်က ဓာတ်ပစ္စည်းတစ်ခုခုနဲ့မတည့်ဘူးဆိုရင် အဲဒီပစ္စည်းကို စားမိ ရှူမိ ထိတွေ့မိတဲ့အခါ ခန္ဓာကိုယ်က histamine ဆိုတဲ့ဓာတ်တမျိုးထုတ်ပြီးတော့ ခန္ဓာကိုယ်ထဲမဝင်နိုင်အောင် တားဆီးပေးပါတယ်
ဥပမာအနေနဲ့ပြောရရင် အိမ်တစ်အိမ်မှာ မိသားစုဝင်တယောက်က တခြားလူတယောက်နဲ့ မတည့်ဘူးဆိုပါတော့ အဲဒီလူကိုအိမ်ထဲမဝင်နိုင်အောင် အကိုတွေ အဖေတွေက တားဆီးကြသလိုပဲပေါ့ ဒါပေမယ့် တဖက်လူကလဲ အင်အားတွေများလာတဲ့အခါ ခိုက်ရန်ဖြစ်ပွားမှုတွေဖြစ်ပြီး နှစ်ဖက်စလုံး အထိနာကြသလိုပဲ ဝင်ရောက်တဲ့ ဓာတ်ပစ္စည်းနဲ့ထိတွေ့မှုများလာတဲ့အခါ လူမှာ အခုလို ဝေဒနာတွေခံစားလာရတာပါပဲ
ဒါကြောင့် ဒီလိုအခြေအနေကို မဖြစ်အောင်ကိုယ်နဲ့ဓာတ်မတည့်တဲ့ ပစ္စည်းတွေရှောင်ရမှာဖြစ်သလို မရှောင်နိုင် မလွှဲနိုင်လို့ တွေ့ပြီဆိုရင်လည်း ဆိုးဆိုးရွားရွားမဖြစ်ရအောင် ကိုယ့်ဘက်ကလူကိုလည်း ထိန်းချုပ်ဖို့လိုပါတယ် များသောအားဖြင့် ဓာတ်မတည့်တတ်တာတွေကတော့ ပင်လယ်စာတွေ မြေအောင်းသားတွေ သစ်ဥသစ်ဖုတွေ ပန်းအနံ့တွေ မန်သော် menthol လို့ခေါ်တဲ့ ပရုပ်နံ့တွေ ဓာတုဆေးဝါးတွေထိတွေ့ကိုင်တွယ်မိတာတွေကြောင့်ဖြစ်တတ်ပါတယ် ဒါတွေကိုရှောင်ပေးရပါမယ်
post တင်ထားတဲ့သူက အမြဲတမ်းဖြစ်နေတာဆိုတော့ ကျွန်တော်စဉ်းစားမိတာတော့ ဆပ်ပြာမှုန့်နဲ့မတည့်တာဖြစ်မလားပေါ့ ဆပ်ပြာမှုန့်ဆိုတာကလည်း ရေဘယ်လောက်လျှော်လျှော် အနည်းနဲ့အများ ကျန်နေတတ်တာကိုး
နောက်တစ်ခု စဉ်းစားရမှာက သန်ကောင် တုပ်ကောင်ပါ ဗိုက်ထဲမှာ သန်ကောင် တုပ်ကောင်တွေရှိနေရင်လည်း ဒီလိုဓာတ်မတည့်တဲ့ပုံစံနဲ့ လာတတ်ပါသေးတယ် ဒါကြောင့် သန်ချပေးဖို့လိုပါတယ် သန်ချဆေးကတော့ မြန်မာနိုင်ငံမှာဂအသုံးများတာတော့ albendazole တို့ mebendazole တို့သုံးကြပါတယ် TV မျာ ကြော်ငြာနေတဲ့ BENDA 500 ဆိုတာ mebendazole ပါပဲ ဒါပေမယ့် တလုံးတည်းသောက်လို့တော့ စိတ်မချရပါဘူး သုံးရက် ဆက်တိုက်သောက်မှ စိတ်ချရပါမယ်။
နောက်တပိုင်းက ကိုယ့်ဘက်ကိုပြန်ထိန်းရမယ့် အပိုင်းပါ ဒီလို allergic reaction တွေဖြစ်လာပြီဆို သူပြောတဲ့ cetrizine လိုမျိုး antihistamine ဆေးသောက်ပေးရပါတယ် ဘာမီတွန်လို chlorphenaramine ဆေးလဲသောက်လို့ရပါတယ် ဒါပေမယ့် ဒီဆေးတွေကသောက်ပြီးရင် အိပ်ငိုက်တတ်တော့ ကားမောင်းရတာ စက်ပစ္စည်းတွေကိုင်တွယ်တဲ့အခါမျိုးဆို အန္တရာယ်ရှိနိုင်ပါတယ် ဒါကြောင့်မို့လို့ loratidine လိုမျိုး desloratidine လိုမျိုး fexofenadine လိုမျိုး အိပ်ငိုက်တာသိပ်မရှိတဲ့ ဆေးမျိုးသောက်မယ်ဆိုလဲရပါတယ်
ဒီလိုမျိုး ဆေးတွေလည်းသောက်တယ် allergen လို့ခေါ်တဲ့ မတည့်တဲ့ အစားအစာ ဓာတ်ပစ္စည်းတွေလဲရှောင်ရဲ့သားနဲ့ မပျောက်ရင်တော့ ဆရာဝန် သမားတော်နဲ့ပြပြီး အဖြေရှာသင့်ပါတယ်
ကျေးဇူးတင်ပါတယ်။
8-11-2017
Comentarios