top of page

ဝန်ဆောင်မှုများ

မမျှော်လင့်သော ထိခိုက်ဒဏ်ရာရရင်ပဲဖြစ်ဖြစ်၊ နာမကျန်းဖြစ်ရင်ပဲဖြစ်ဖြစ်၊ ကျန်းမာရေးအတွက် ဆွေးနွေးတိုင်ပင်လိုရင်ပဲ ဖြစ်ဖြစ် ကျွန်တော်တို့ဆီမှာ ဆရာဝန်တွေ အသင့်စောင့်နေပါတယ်။ စောင့်ဆိုင်းချိန် သိပ်မပေးရပါဘူး။ အထွေထွေ ဆွေးနွေးတိုင်ပင်မှုနဲ့ ကလေးကျန်းမာရေးဆွေးနွေးတိုင်ပင်မှုတွေကို ကျွန်တော်တို့ဆီက အထွေထွေရောဂါကု ဆရာဝန်နဲ့ ကလေးအထူးက ဆရာဝန်တို့က စိတ်ရှည်စွာ ပြောကြားပေးမှာဖြစ်ပါတယ်။ အရေးပေါ် online ကနေပြီးတော့ ဆွေးနွေးတိုင်ပင်ဖို့အတွက် faebook စာမျက်နှာ မှာ မေးမြန်းနိုင်ပါတယ်။

EMERGENCY SERVICES
အရေးပေါ်စောင့်ရှောက်မှု

ကျန်းမာရေး အရေးပေါ်တစ်ခုခုဖြစ်ပြီဆို အာရုံတွေကများ၊ ခြေမကိုင်မိ လက်မကိုင်မိနဲ့ ဘယ်ကိုဖုန်းဆက်ရမယ်၊ ဘယ်သူနဲ့တိုင်ပင်ရ မယ်ဆိုတာ စဉ်းစားလို့မရဘူးဖြစ်တတ်တယ်။ ကျွန်တော်တို့ရဲ့ Hotline ဖုန်းနံပါတ်များကိုသာ အရင်ဆုံးသတိရလိုက်ပါ။ ၂၄ နာရီဖွင့်ထားတာ ဖြစ်လို့ သင်ဘယ်အချိန်ပဲလိုလို 'ဟယ်လို' လို့သာ ဖုန်းဆက်လိုက်ပါ။ လိုအပ်တဲ့ ဝန်ဆောင်မှု အမြန်ဆုံးရရှိအောင် ဆောင်ရွက် ပေးမှာဖြစ်ပါတယ်။

TRAVEL CLINIC

<Travel Clinic>

WOUND CARE

<Wound Care>

မိသားစုကျန်းမာရေး စောင့်ရှောက်မှု

သင့်မိသားစုရဲ့ ကျန်းမာရေးအခြေအနေကို စစ်ဆေးထားပြီး မှတ်တမ်းနဲ့ သိမ်းဆည်းထား မှာဖြစ်ပါတယ်။ အရေးပေါ် တစ်ခုခုလိုအပ်ရင် ဖုန်းဆက်ပြီးအိမ်ကို ဆရာဝန် ခေါ်နိုင်မှာဖြစ်ပါ တယ်။ လာရောက်တဲ့ ဆရာဝန်က သင့်မိသားစု ရဲ့ကနဦးကျန်းမာရေး အခြေအနေကို မှတ်တမ်း များမှတဆင့် သိရှိထားပြီးဖြစ်လို့ လူနာကို စမ်းသပ်ပြီးတာနဲ့ ဘာရောဂါဖြစ်တယ် ဘယ်ဆေးပေးရင် သက်သာမလဲ ဘယ်လို ဆက်လက် ကုသမှုခံယူသင့်သလဲ ဆိုတာ ချက်ချင်းသိနိုင်ပါတယ်။

အရေပြားရောဂါ

အရေပြားရောဂါများအတွက် ပြင်ပမှ အရေပြားအထူးကုဆရာဝန်အား အချိန်ပိုင်း ခေါ်ယူပြီး ဝန်ဆောင်မှု ပေးပါတယ်။ အရေးပြားရောဂါနဲ့ ပတ်သက်ပြီး ဆွေးနွေးတိုင်ပင်ချင်တယ်ဆိုရင် ကြိုတင်ပြီး ရက်ချိန်းရယူနိုင်ပါတယ်။ ဖုန်းနဲ့ ဒါမှမဟုတ် online ကနေလည်း ဘိုကင်လုပ်ပြီး ရက်ချိန်း ရယူနိုင်ပါတယ်။

ORTHOPEDICS

<Orthopedics>

ဆေးဝါးများ

ကျန်းမာရေးစောင့်ရှောက်မှုမှာ ဆေးဝါးတွေ ကတော့ မပါမဖြစ်ပါပဲ။ ကျွန်တော်တို့ဆီမှာ အရည်အသွေးမြင့် ဆေးဝါး အစစ်အမှန်တွေ ကိုသာ သုံးစွဲတဲ့အတွက် အပြည့်အဝ ယုံကြည်နိုင်ပါတယ်။ အသက်သာဆုံး ဈေးနှုန်းနဲ့ ရောင်းချပေးမှာဖြစ်ပါတယ်။ ဆေးဝါးတွေကို ကွန်ပျူတာစနစ်နဲ့ ထိန်းချုပ် ထားတဲ့အတွက် ရက်လွန်တာ၊ ပျက်စီးတာ၊ ဆေးမှားတာ လုံးဝမဖြစ်ဖို့ တာဝန်ယူပါတယ်။

အမျိုးသမီး ကျန်းမာရေး

အမျိုးသမီးများရဲ့ ကျန်းမာရေးဆိုတာကလည်း အရေးကြီးပါတယ်။ အမျိုးသမီးတစ်ယောက် ပျိုဖော်ဝင်စကနေ စပြီး အမျိုးသမီး ကျန်းမာရေး ဝန်ဆောင်မှုများကိုလည်း ရရှိနိုင်ပါတယ်။။ ဓမ္မတာမမှန်တာ၊ မီးယပ် ကိုက်ခဲတာ၊ ကိုယ်ဝန်စောင့်ရှောက်မှုနဲ့ ဟော်မုန်းဆေး ကုသမှုတွေကိုလည်း ကုန်ကျစရိတ် သက်သက်သာသာနဲ့ ရရှိနိုင်ပါတယ်။

ဓာတ်မှန်

လတ်တလောအချိန်မှာတော့ ဓာတ်မှန် ဝန်ဆောင်မှု မရရှိနိုင်သေးပါဘူး။ အချိန်တိုအတွင်း ရရှိနိုင်ဖို့ စီမံဆောင်ရွက်လျက် ရှိပါတယ်။ ရရှိပြီဆိုတာနဲ့ website/facebook တို့မှတဆင့် အသိပေးသွားမှာဖြစ်ပါတယ်။

ဒေါက်တာ မွန်မွန်

အထွေထွေနှင့်ကလေးရောဂါကုဆေးခန်း

General and Paediatric Clinic

အမှတ် (၅/၇၁)၊ ရန်ကုန်-မန္တ​လေးလမ်း​ဟောင်း၊ ​ဘောဂသီရိကားဝင်းအနီး

ပျဉ်းမနားမြို့။

(+95) 09-793859279
  • Facebook Social Icon
  • Google+ Social Icon

နေ့စဉ် − နံနက် ၉:၀၀ မှ − ည ၈:၀၀ အထိ

© 2023 Medical Clinic. Proudly created with Wix.com

bottom of page